Books /ဗန်းမော်သိန်းဖေ
မျှဝေလိုသောအတွေးများ(၈) - ဗန်းမော်သိန်းဖေ (Burmese Book)
- Regular price
- RM 22.00
- Sale price
- RM 22.00
- Regular price
-
RM 0.00
Share
သင် ကြိမ်ဖန်များစွာ ကျရှုံးခဲ့ဖူးပါတယ်။ မမှတ်မိလို့ဖြစ်မှာပါ။
သင် မွေးပြီး ပထမဆုံးအကြိမ် လမ်းလျှောက်ဖို့ ကြိုးစားတုန်းက
အကြိမ်ကြိမ် လဲကျခဲ့တယ်။ သင် ငယ်သေးလို့ မမှတ်မိတာပါ။
သင် ရေကူးဖို့ ပထမဆုံး ကြိုးစားခဲ့တုန်းကလည်း ရေနစ်မလိုဖြစ်ခဲ့ပါတယ်။ ဟုတ်တယ်မလား။
သင် ဘေ့စ်ဘောစကစားတုန်းက ပထမဆုံး ဘက်တံနဲ့ရိုက်ချက်ဟာ
လွဲသွားခဲ့တယ်မဟုတ်လား။ နောက်ပိုင်းက ရိုက်ချက်တွေ မှန်လာတယ် မဟုတ်လား။
R. H. Macy ဟာ နယူးယောက်မြို့မှာ ကုန်တိုက်ကြီးဖွင့်ဖို့ ကြိုးစားတာ ၇ ကြိမ် မအောင်မြင်ခဲ့ဘူး။
အင်္ဂလိပ် ဝတ္ထုရေးဆရာကြီး John Creasey ဟာ သူ့စာအုပ် ၅၆၄ အုပ်ကို မထုတ်ဝေခင်က ထုတ်ဝေသူတွေနဲ့ ငြင်းပယ်မှုပေါင်း ၇၅၃ကြိမ်နဲ့ ကြုံတွေ့ခဲ့ရတယ်။
စာရေးဆရာမ JK Rowling ဟာ သူ့ရဲ့ ပထမဆုံးစာအုပ်ဖြစ်တဲ့
Harry Potter and the Philosopher's stone စာမူကို ထုတ်ဝေသူတွေဆီပို့တာ ထုတ်ဝေသူပေါင်း တစ်ဒါဇင်ကျော်က စာအုပ်ထုတ်ဖို့ ငြင်းဆန်ခဲ့ကြတယ်။ အဲဒီစာအုပ်ထုတ်တော့ စာအုပ်ဟာ အုပ်ရေ သန်းချီ ရောင်းခဲ့ရတယ်။
ဒါကြောင့် ကျရှုံးတာကို မကြောက်ပါနဲ့။ အောင်မြင်ခဲ့သူတိုင်းဟာ ကျရှုံးမှုနဲ့ ကြုံခဲ့ရသူတွေချည်းပဲဆိုတာ မမေ့ပါနဲ့။
တကယ်လို့ ကျရှုံးမှာကြောက်ပြီး
မကြိုးစားရင် အခွင့်အရေးကို
လက်လွှတ်သွားမယ်ဆိုတာ မမေ့ပါနဲ့။
Page - 188
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
- 4NiX Store Facebook Page