နေ့ရသခိုက် ပျော်ကိုပျော်ရမှဖြစ်မယ့်ဘဝမှာ နေ့တိုင်းပျော်ဖို့ဆိုတာ ပျော်ရွှင်မှုကို ရွေးယူသလို ယူလိုက်ရတာ။ပျော်ရွှင်မှုဆိုတာ ဒါကိုယူမယ်ဆိုပြီး ရွေးပြီးတော့ ယူလိုက်မှ ရတာပါ။
ကိုယ့်ရဲ့မှန်ကန်တဲ့ သဘောထားကသာ ကိုယ့်ကို တကယ်ပျော်အောင် လုပ်ပေးနိုင်ပါတယ်။
ကိုယ့်မှာ ရှိတဲ့ လေးနက်တဲ့အသိအမြင် မြင့်မြတ်တဲ့ စိတ်ထားကသာ ကိုယ့်ရင်ထဲမှာ စိတ်ခွန်အားတွေ အမြဲထွက်နေအောင် လုပ်ပေးမှာပါ။
ဒီစာအုပ်ထဲမှာ နေ့တိုင်း စိတ်ချမ်းသာပျော်ရွှင်နေစေဖို့ အချိန်တိုင်း စိတ်ခွန်အားတွေထွက်နေစေဖို့ နည်းလမ်းတွေ အများကြီးပါပါတယ်။