Books /ဖရော်ဆန်
ဒီဆောင်းရယ် ပုံပြင်မှာ ဒီငှက်ကို မျှော်နေချင်သူမို့... - ဖရော်ဆန် (Burmese Book)
- Regular price
- RM 35.00
- Sale price
- RM 35.00
- Regular price
-
RM 0.00
Share
ဒီစာအုပ်လေးကတော့ ဆရာမ ဖရော်ဆန်ရဲ့ တတိယမြောက် လုံးချင်းဝတ္ထုဖြစ်ပြီး၊ စာအုပ်လေးထဲမှာ သဘာဝတရားကို ချစ်မြတ်နိုးတဲ့ ငှက်ကြည့်ဧည့်လမ်းညွှန် အမျိုးသမီးလေးတစ်ယောက်နဲ့ ဆောင်းခိုငှက်တွေရဲ့ ကတိစကားပုံပြင် အကြောင်းကို လှပစွာ ဖန်တီးရေးဖွဲ့ထားတာဖြစ်ပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေထဲ မြန်မာနိုင်ငံရဲ့ ငှက်မျိုးစိတ် ပေါကြွယ်ဝမှုနဲ့ ဒီနိုင်ငံမှာပဲတွေ့နိုင်တဲ့ ဒေသရင်းငှက်တွေအကြောင်း၊ ငှက်တွေရဲ့ အမူအကျင့်၊ ငှက်တွေ ကြုံတွေ့နေရတဲ့ ခြိမ်းခြောက်မှု အန္တရာယ်တွေ၊ ငှက်တွေနဲ့ ပတ်သတ်လို့ လူတွေရဲ့ မှားယွင်းစွာ ပြုမူနေတဲ့ ယုံကြည်မှုတွေ (ဥပမာ- ကုသိုလ်ဖြစ် ငှက်လွှတ်တဲ့ကိစ္စမျိုး) စတဲ့ မှတ်သားဖွယ်ရာ အချက် အလက်များစွာကို ဇာတ်အိမ်ထဲမှာ စနစ်တကျ ထည့်သွင်းပေးထားတဲ့ စာရေးသူရဲ့ စေတနာကိုလည်း မြင်တွေ့ရမှာပါ။
ဒါ့အပြင် ချစ်သူတွေကြားက လွဲမှားတဲ့ အတ္တမာနတွေ၊ သူငယ်ချင်းမေတ္တာကို လာပြီးအရောင်ဆိုး ခွဲခြားခံရတဲ့အခါ ပြတ်တောက်သွားတဲ့ ဆက်ဆံရေးတွေ၊ သားသမီးအတွက် မိဘက အမြဲမှန်တယ် မိဘက အမြဲစတေးပေးခဲ့ရတယ် ဆိုတဲ့ နာလိုခံခက်တဲ့ နာကျင်မှုတွေ ဒီလို အမှောင်ဘက်ခြမ်းတွေကိုလည်း မြင်တွေ့ရမှာဖြစ်သလို နူးညံ့တဲ့ ချစ်ခြင်းမေတ္တာတွေ၊ ရယူခြင်း ပေးဆပ်ခြင်း စတာတွေ ဘာမှခေါင်းစဉ်တပ်မထားဘဲ ချစ်ခြင်းမေတ္တာဟာ ဒီအတိုင်းလေး သူ့ဟာသူ တည်ရှိနေတတ်ကြောင်းကိုလည်း အလိုက်သင့် စီးဆင်း ရေးဖွဲ့ထားပါသေးတယ်။
Page - 265
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
- 4NiX Store Facebook Page