Books /Aye
တစ်ယောက်ထဲလည်းဆက်လျှောက်ရဲတယ်(Aye)
- Regular price
- RM 0.00
- Sale price
- RM 0.00
- Regular price
-
RM 0.00
Share
ကျွန်မတို့တွေကို နာကျင်အောင် လုပ်ခဲ့တဲ့သူတွေ၊ ယုံကြည်မှုတွေကို အလွဲသုံးစား လုပ်ခဲ့တဲ့သူတွေ၊ နောက်ကျောကို ဓားနဲ့ ထိုးရက်ခဲ့တဲ့သူတွေ၊ ကျွန်မတို့ နှလုံးသားတွေကို ကွဲကြေသွားအောင်ထိ ရက်စက်ခဲ့တဲ့သူတွေ အတွက် အကောင်းဆုံးသော ကလဲ့စားချေနည်းက ဘာဖြစ်မယ်လို့ ထင်ပါ သလဲ။
လှအောင်နေခြင်းထက် ထက်မြက်အောင် နေခြင်းပါပဲ။ ဘယ်သူမှ မယှဉ်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာမှာရော လုပ်ရပ် action တိုင်းမှာပါ ရင့်ကျက် တည်ငြိမ်ပြီး တော်နေ၊ ထက်နေအောင် နေထိုင်ခြင်းပါပဲ။ ထက်မြက်တဲ့သူ တစ်ယောက်အဖြစ် အကောင်းဆုံးသော ကလဲ့စားချေနည်းကို ရွေးချယ်ပါ။
တော်နေထက်နေတဲ့သူတစ်ယောက်ကို ဘယ်အလှတရားမှ မယှဉ်နိုင်ပါဘူး။ လက်ရှိလုပ်နေတဲ့ အရာတွေကို ပိုပြီးတိုးတက်အောင် ကြိုးစားလုပ်ကိုင်ပါ။ ကိုယ့်အတွက် အမှိုက်တွေပဲဖြစ်နေတဲ့ တန်ဖိုးမရှိတဲ့လူတွေကို ခေါင်းထဲကနေ ထုတ်ပစ်ပါ။ အချိန်မပေးသင့်တဲ့ သူတွေအတွက် အချိန်မဖြုန်းမိဖို့လည်း သတိရှိပါ။ ဒါဆိုရင်တော့ အကောင်းဆုံးသော ကလဲ့စားချေနည်းကို သင် လုပ်နိုင်မှာပဲ ဖြစ်ပါတယ်။
Page-123
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
- 4NiX Store Facebook Page