Books /ထက်ဘုန်းရှိန်
ငါမမြင်ဘူးတဲ့....မင်း ငါမမြင်ဘူးတဲ့...ငါ - ထက်ဘုန်းရှိန် (Burmese Book)
- Regular price
- RM 18.00
- Sale price
- RM 18.00
- Regular price
-
RM 0.00
Share
ဒီစာအုပ်ထဲက စာရုပ်ပုံတွေကို မဖတ်ခင်မှာ တစ်ခု တင်ကူးတွေးကြည့်စေချင်ပါတယ်။ ကျွန်တော်တို့ လူမှုအသိုက်အဝန်းမှာ အများလက်ခံထားကြတဲ့ မူမှန်ခြင်း၊ ပုံသဏ္ဌာန်မှန်ခြင်းနဲ့ မူမမှန်ခြင်း၊ ပုံသဏ္ဌာန်မမှန်ခြင်းတွေကို ဘယ်လိုစံနှုန်း၊ ဘယ်လိုပေတံနဲ့များ တိုင်းတာသတ်မှတ် တန်ဖိုးဖြတ်ကြသလဲ ဆိုတဲ့ အချက်လေးပါပဲ။
စာရုပ်ပုံတွေကို အစပျိုးခြင်း၊ အပိုင်းကြီး ၃ ပိုင်း၊ အဆုံးသတ်နဲ့ ဖွဲ့စည်းထားပုံမှာ တစ်ပိုင်းစီရဲ့ ရေးဟန်က တစ်မျိုးစီ ဖြစ်ပါတယ်။
အဖြစ်အပျက်ကို အသေးစိတ် ပုံဖော်ပေးသွားတာလဲ ရှိမယ်၊ ဝင်သက်ထွက်သက်တွေကို မေးခွန်းပေါင်းများစွာနဲ့ ဖျစ်နေတာတွေလဲ ရှိမယ်၊ အဝတ်တစ်ထည်ကို ရေကုန်ကုန်စင်အောင် ညှစ်ချထားသလို ပကတိအသားချည်း ကျန်နေတဲ့ အတွေးတင်ပြမှုတွေလဲ ရှိမယ်။
ဒီတော့ တစ်ပိုင်းကနေ နောက်တစ်ပိုင်းကို ကူးရာမှာ ရေးဟန်အရ လုံးဝ ပြောင်းသွားတာကို တွေ့ရလိမ့်မယ်၊ ရေးဟန်အရ ချိတ်ဆက်မှု လုံးဝ မရှိသလောက်ပဲ။ ဒါပေမဲ့ အကြောင်းအရာ စီးဆင်းမှုကို ချိတ်ထားတာက အပိုင်းတစ်ခုရဲ့ အခွဲတစ်ခုစီမှာ ပါတဲ့ ဝါကျတွေက အခြားအပိုင်းက တစ်နေရာမှာ ဆက်စပ်နေတာမျိုးပါ။
ဒီတော့ နည်းနည်းတော့ မောလိမ့်မယ်။ တစ်ရစ်ချင်း တွေးရင်းနဲ့မှ တစ်ကွက်ချင်း ပေါ်လာမယ်၊ အဲဒီကနေမှ ဇာတ်အိမ်က ချိတ်ဆက်လာပြီး ဇာတ်လမ်းရဲ့ မြင်ကွင်းတွေ ထင်းလာမှာမျိုးလို့ ဆိုရပါမယ်။
မနက်၊ နေ့၊ ည ဒီအချိန်ကို ဒီဝေါဟာရတွေနဲ့
မခေါ်ဘဲ အခြားဘယ်လိုများ ခေါ်လို့ ရနိုင်ပါသလဲ ......
ဘယ်အရည်အသွေးတွေနဲ့ သတ်မှတ်ပြီး “လူ” လို့ သတ်မှတ်ကြပါသလဲ .....
လူလို့ စဖြစ်လာချိန်ကနေ ယခု လက်ရှိအချိန်အထိ ကိုယ့်ရှေ့မှာရှိနေတဲ့ အရာကို ရှိနေမှန်း သိသိရက်၊ မြင်နေရက်နဲ့ မမြင်ရဘူး၊ ကိုယ်တိုင် ကြုံလိုက်ရတဲ့ အဖြစ်အပျက်ကို မြင်လိုက်သိလိုက်ရပေမဲ့ မမြင်ခဲ့ရသလို၊ မသိခဲ့ရသလို ခံစားမိတဲ့ အခြေအနေမျိုး ကြုံခဲ့ဖူးလားလို့ အချိန်ကာလတစ်ခုလုံးကို ဆန်းစစ်ကြည့်ပြီး လိုက်ရှာကြည့်တဲ့အခါ တစ်ခုခုကို တွေ့ရပါလိမ့်မယ်။
Page - 110
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
- 4NiX Store Facebook Page