ဆန်းစစ်တဲ့မေးခွန်းအချို့ကို ဖြေကြည့်ကြရအောင်။
• ‘ဒုက္ခပါပဲ”လို့ ခဏခဏ ညည်းတွားဖူးလား။ ညည်းတွားဖူးတယ် ဆိုရင် ဘာဖြစ်လို့လဲ။
* တခြားလူတွေအပေါ်မှာ နည်းနည်းလေးမှားတာနဲ့ကို အပြစ် တင်တတ်သလား။
* လုပ်ငန်းထဲမှာ ခဏခဏအမှားလုပ်မိသလား။ လုပ်မိတယ်ဆိုရင် ဘာဖြစ်လို့ အဲဒီလိုလုပ်မိရတာလဲ။
*စကားပြောရင် ငေါ့တော့တော့စကားတွေစောင်းမြောင်းပြောဆို တဲ့စကားတွေ ထည့်ပြောတတ်သလား။
* လူတွေနဲ့ သိပ်အပေါင်းအသင်းမလုပ်ဘဲ နေတတ်သလား။ အဲဒီလို နေတတ်တယ်ဆိုရင် ဘာဖြစ်လို့ အဲဒီလိုနေရတာလဲ။
* အစာမကြေလေနာရောဂါ ခဏခဏ ဖြစ်တတ်သလား။ ဖြစ်တတ်တယ်ဆိုရင် ဘာဖြစ်လို့လဲ။
* ဘဝဟာ အဓိပ္ပာယ်မရှိဘူး၊ အနာဂတ်ဟာလည်း မရေရာဘူးလို့ တွေးဖူးသလား။ တွေးဖူးတယ်ဆိုရင် ဘာဖြစ်လို့လဲ။
* လက်ရှိအလုပ်အကိုင် ရာထူးတာဝန်ကို သဘောကျသလားသဘောမကျဘူးဆိုရင် ဘာဖြစ်လို့လဲ။
* ကိုယ့်ကိုယ်ကိုယ် သနားမိတဲ့စိတ် ခဏခဏဖြစ်ဖူးသလားဖြစ်ဖူးတယ်ဆိုရင် ဘာဖြစ်လို့လဲ။
* ကိုယ့်ထက်သာတဲ့လူတွေကို မနာလိုဝန်တိုဖြစ်သလား။
* ဘယ်ကိစ္စရပ်အပေါ်မှာ အချိန်အများပိုင်းကို ပေးထားသလဲ။ အောင်မြင်ရေးအကြောင်းတွေးတဲ့ကိစ္စရပ်ရှုံးနိမ့်မှုအကြောင်း တွေး တဲ့ကိစ္စရပ်။
* အသက်ကြီးလာတာနဲ့အမျှ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အားနည်းလာသလား။
* အမှားတွေထဲကနေ တန်ဖိုးရှိတာကို လေ့လာယူတတ်သလား။
* ပူပင်သောကရောက်စရာအကြောင်းအရာတွေကို လက်ခံတတ် သလား။ လက်ခံတတ်တယ်ဆိုရင် ဘာဖြစ်လို့လဲ
* တစ်ခါတလေမှာသာ စိတ်ဓာတ်တက်နေပြီး ကျန်တဲ့အချိန်တွေ မှာတော့ မျှော်လင့်ချက်ကင်းမဲ့နေတာမျိုး ဖြစ်နေတတ်သလား။
* ခင်ဗျားအပေါ်မှာ လွှမ်းမိုးမှုအရှိဆုံးက ဘယ်သူလဲ။ ဘာဖြစ်လို့ အဲဒီလို လွှမ်းမိုးနိုင်နေတာလဲ။
*အပြုသဘောမဆောင်တဲ့ ဒါမှမဟုတ် သတ္တိကြောင်စေတဲ့သြဇာ သက်ရောက်မှုတွေကို တောင့်ခံနိုင်သလား။
*ကိုယ့်ဝတ်စားဆင်ယင်မှုကို ဂရုမစိုက်ဘဲ နေတတ်သလား။ နေ တတ်တယ်ဆိုရင် ဘယ်အချိန်တွေမှာလဲ။ ဘာကြောင့်လဲ။
* ကိုယ်စဉ်းစားထားတဲ့အတိုင်း ကိုယ့်အတွက် သူများတွေကို ကူ လုပ်ခိုင်းတဲ့လုပ်ရပ်အပေါ် ကိုယ့်ကိုယ်ကိုယ် ကျောရိုးမရှိတဲ့ သတ္တဝါလို့ နာမည်တပ်ဖူးသလား။
* စိတ်ဖိစီးမှုပျောက်အောင်ဆိုပြီး အရက်၊ မူးယစ်ဆေး၊ စီးကရက် အစရှိတာတွေ မှီဝဲသလား။ မှီဝဲတယ်ဆိုရင် အဲဒါတွေအစား စိတ် စုစည်းမှုလေ့ကျင့်ခန်းတွေ ဘာဖြစ်လို့မလုပ်တာလဲ။
ဒီလောက်ဆိုရင် ဒီမေးခွန်းတွေက ဘာကိုဆန်းစစ်ခိုင်းနေတာလဲ ဆိုတာ သဘောပေါက်လောက်ပါပြီ။ မကောင်းတဲ့သြဇာသက်ရောက် မှုတွေအပေါ် တိမ်းညွှတ်လွယ်ခြင်းရှိမရှိ၊ အကြောက်တရား ခြောက် မျိုးရှိမရှိ ဆန်းစစ်ခိုင်းတဲ့မေးခွန်းတွေပါပဲ။ အဖြေမှန်ပေးမထားပါဘူး။ ကိုယ့်ဟာကိုယ်ဖြေကြည့်ရင်းကနေ ကိုယ်အခြေအနေမှန်ကို ကိုယ့် ဘာသာ သိသွားမှာပါ။
"ချမ်းသာအောင်တွေး ချမ်းသာအောင်လုပ် စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။