• d939343d7ddf5b9f35d5004b1c04883b
  • a1f1b9cd76636af0add10861a43bb06e
  • 5906513820b7a7140c6d67421333840b
  • bb0cbfc74de2000f6ffa0bf973a14694
1

EFI Sensor နှင့် OBD Wiring နည်းပညာများ (လင်းဇာနည်) Burmese Book

Regular price
RM 95.00
Sale price
RM 95.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

ဒီစာအုပ်ထဲမှာ ဘာအကြောင်းအရာတွေ ပါဝင်မှာလဲဆိုရင်တော့ ကားနည်းပညာကို လေ့လာသူတိုင်း ၊ ကားဝပ်ရှော့နဲ့ Service Center တိုင်း မရှိမဖြစ် မသိမဖြစ် လိုအပ်တဲ့ EFI Sensor , Actuator တွေနဲ့ OBD Wiring System တွေအကြောင်းကို အခြေခံကနေ စပြီး အဆင့်မြင့်ထိရောက်အောင် အသေးစိတ် ရေးသား ဖော်ပြပေးထားတာဖြစ်ပါတယ်။

Sensor နဲ့ Actuator တမျိုးခြင်းဆီအလိုက် တည်နေရာ ၊ ဖွဲ့စည်းတည်ဆောက်ပုံ (Type) ၊ Wiring Pinout (2 Pins , 3 Pins , 4 Pins.. ) ၊ Waveform တွေ (Sine Wave , Square Wave) မှန်မမှန် ကြည့်ပုံတွေ ၊ Live Data တွေ (ကားနဲ့ တွဲပြီး တိုင်းတာပြထားတဲ့ ဒေတာတွေ) ၊ Resistance – Ohm တန်ဖိုးတိုင်းတာပုံတွေ ၊ Voltage တန်ဖိုးတိုင်းတာပုံတွေ ၊ Sensor နဲ့ Actuator တခုချင်းဆီမှာ ဖြစ်လာနိုင်တဲ့ Diagnostic Trouble Code (Error Code) တွေ ၊ ၊ အဲ့ဒီ Trouble Code တွေကို Troubleshooting ပြုလုပ်ပုံအဆင့်ဆင့်တွေ ၊ Sensor , Actuator တွေနဲ့ ECM တွေ ချိတ်ဆက်ထားတဲ့ Wiring Diagram တွေ ၊ , Actuator တွေကို မောင်းနှင်တဲ့ Driver ECU အလုပ်လုပ်ပုံတွေ ၊ Oscilloscope အသုံးပြုပုံတွေ ကို ဒီစာအုပ်ထဲမှာ တစုတစည်းထဲလေ့လာနိုင်မှာဖြစ်ပါတယ်။

Sensor နဲ့ Actuator တွေကို ရေးသားဖော်ပြပေးတဲ့ နေရာမှာလည်း အမျိုးအစားတွေ ရောထွေး ရှုပ်ထွေးမနေအောင် Speed and Position Sensor Group , Temperature Sensor Group , Pressure Sensor Group , Emission Control and Other Sensor Group , Actuator Group စသဖြင့် သူအမျိုးအစားအလိုက် Group တွေခွဲပြီးရေးသားပေးထားတာမို့ ရှင်းရှင်းလင်းလင်းနဲ့ အလွယ်တကူ လေ့လာနိုင်မှာဖြစ်ပါတယ်။

နောက်ထပ် ဒီစာအုပ်နဲ့ ပတ်သတ်ပြီး ပြောချင်တာကတော့ ဒီစာအုပ်ထဲမှာ မပါသေးဘဲ နောက် အသစ်အသစ်ထွက်ပေါ်လာမယ့် Sensor တွေကို ကိုယ်တိုင်လေ့လာနိုင်အောင် Sensor တွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ သဘောတရားတွေ ၊ Waveform သဘောတရားတွေ ၊ မသိမဖြစ် သိရမယ့် အချက်တွေကိုပါ တပါတည်းထည့်သွင်းဖော်ပြပေးထားတာမို့ ဟင်းစားပေးရုံမကဘဲ ကွန်ချက်ပါ ပြပေးထားတဲ့ စာအုပ်တအုပ်ဖြစ်ပါတယ်။

Prime Auto Technology ကနေ ထုတ်ဝေထားတဲ့ စာအုပ်တွေရဲ့ အရည်အသွေး Quality နဲ့ အရေးအသားတွေ ကိုတော့ စာဖတ်သူ မိတ်ဆွေညီကိုတွေ သိရှိပြီးသားမို့ အထူးညွှန်းဖို့ မလိုတော့ဘူးထင်ပါတယ်။

စာမျက်နှာ (၃၄၆)

မာတိကာတွေကို အောက်မှာလေ့လာနိုင်ပါတယ်။

Chapter (1) How Car Engine Work

- SI Engine (ဓာတ်ဆီအင်ဂျင်တွေအကြောင်း)

- CI Engine (ဒီဇယ်အင်ဂျင်တွေအကြောင်း)

- Types of Fuel Injection (ဆီဖြန်းသွင်းတဲ့ စနစ်တွေအကြောင်း)

2. Chapter (2) How EFI System Work

- The Common Signals For Sensor (Sensor Signal အမျိုးမျိုးအကြောင်း)

- Analog Signal and Digital Signal (Sensor Signal တွေအမျိုးမျိုးအကြောင်း)

- Duty Cycle အကြောင်း

3.Chapter (3) Main Types of Sensor

- Inductive and Reluctance Type Sensor တွေအကြောင်း

- Hall Effect Type Sensor တွေအကြောင်း

- Thermistor Type Sensor တွေအကြောင်း

- Variable Resistor Type Sensor တွေအကြောင်း

- Group of Sensor (Sensor တွေကို အုပ်စုခွဲလေ့လာခြင်း)

4.Chapter (4) Speed and Position Sensor Group

- Crankshaft Position Sensor (CKP) နှင့် ပြစ်ချက်ဖြေရှင်းနည်းများ

- Camshaft Position Sensor (CMP) နှင့် ပြစ်ချက်ဖြေရှင်းနည်းများ

- Wheel Speed Sensor (WSS) နှင့် ပြစ်ချက်ဖြေရှင်းနည်းများ

- Vehicle Speed Sensor (VSS) နှင့် ပြစ်ချက်ဖြေရှင်းနည်းများ

- P0500 Error Code နှင့် ပြစ်ချက်ဖြေရှင်းနည်းများ

- Throttle Position Sensor (TPS) နှင့် ပြစ်ချက်ဖြေရှင်းနည်းများ - Accelerator Pedal Position Sensor (APPS) နှင့် ပြစ်ချက်ဖြေရှင်းနည်းများ

5.Chapter (5) Temperature Sensor Group

- Engine Coolant Temperature Sensor (ECT) နှင့် ပြစ်ချက်ဖြေရှင်းနည်းများ

- Intake Air Temperature Sensor (IAT) နှင့် ပြစ်ချက်ဖြေရှင်းနည်းများ

- Mass Air Flow Sensor (MAF) နှင့် ပြစ်ချက်ဖြေရှင်းနည်းများ

- Ambient Temperature Sensor နှင့် ပြစ်ချက်ဖြေရှင်းနည်းများ

- ATF Temperature Sensor နှင့် ပြစ်ချက်ဖြေရှင်းနည်းများ

6.Chapter (6) Pressure Sensor Group

- Fuel Rail Pressure Sensor နှင့် ပြစ်ချက်ဖြေရှင်းနည်းများ

- Engine Oil Pressure Switch and Sensor နှင့် ပြစ်ချက်ဖြေရှင်းနည်းများ

- Transmission Fluid Pressure Sensor နှင့် ပြစ်ချက်ဖြေရှင်းနည်းများ

- Manifold Absolute Pressure Sensor (MAP) နှင့် ပြစ်ချက်ဖြေရှင်းနည်းများ

7. Chapter (7) Emission Control And Other Sensor Group

- Air-Fuel Ratio and Lean Rich Mixture (System Too Lean and Rich)...

- Oxygen Sensor / AF Sensor နှင့် ပြစ်ချက်ဖြေရှင်းနည်းများ

- P0420 Error Code နှင့် ပြစ်ချက်ဖြေရှင်းနည်းများ

- Open Loop and Closed Loop System တွေအကြောင်း

- EGR Position Sensor နှင့် ပြစ်ချက်ဖြေရှင်းနည်းများ

- Knock Sensor နှင့် ပြစ်ချက်ဖြေရှင်းနည်းများ

- Electronic Battery Sensor (EBS) နှင့် ပြစ်ချက်ဖြေရှင်းနည်းများ

- Pull Up and Pull Down Hall Effect အကြောင်း

8. Chapter ( Actuator Group

- Electric Fuel Pump နှင့် ပြစ်ချက်ဖြေရှင်းနည်းများ

- Fuel Pump With Resistor တွေအကြောင်း;

- Fuel Pump Control Module တွေအကြောင်း;

- Solenoid တွေအကြောင်း;

- Fuel Injector နှင့် ပြစ်ချက်ဖြေရှင်းနည်းများ

- GDI Fuel Injector Wiring System နှင့် ပြစ်ချက်ဖြေရှင်းနည်းများ

- Short Term And Long Term Fuel Trim System တွေအကြောင်း

- Ignition Coil / Plug Coil နှင့် ပြစ်ချက်ဖြေရှင်းနည်းများ

- Wasted Spark Ignition and Igniter နှင့် ပြစ်ချက်ဖြေရှင်းနည်းများ

- VVT-i Valve / Oil Control Valve နှင့် ပြစ်ချက်ဖြေရှင်းနည်းများ

- VVT-i Valve Active Test ပြုလုပ်စမ်းသပ်နည်းများ

- Radiator Fan Variable Speed Control System နှင့် ပြစ်ချက်ဖြေ ရှင်းနည်းများ

- Throttle Actuator Control Motor နှင့် ပြစ်ချက်ဖြေရှင်းနည်းများ

- EGR Actuator Control System နှင့် ပြစ်ချက်ဖြေရှင်းနည်းများ

- Stepper Motor Control EGR System တွေအကြောင်း

9. Chapter (9) OBD Wiring System

- OBD Trouble Code တွေအကြောင်း

- OBD Port And DLC Pinout တွေအကြောင်း

- K Line / L Line / CAN Line နှင့် ပြစ်ချက်ဖြေရှင်းနည်းများ

- Oscilloscope ကို အသုံးပြုပြီး Waveform တွေကို တိုင်းတာစစ်ဆေးနည်း

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။